Myanmar 3 Font Download For Mac

Apple Mac ကွန်ပျူတာတွင် ယူနီကုဒ်သုံးစွဲရန်

Myanmar

Be sure to disable (no need to remove) both “Myanmar MN” and “Myanmar Sangam MN” fonts if they are already installed in your font book (Mac OS 10.7 and older already installed) otherwise you will have a conflict between Zawgyi and these Unicode fonts. The best website for free high-quality Myanmar3 fonts, with 2 free Myanmar3 fonts for immediate download, and 38 professional Myanmar3 fonts for the best price on the Web.

Myanmar 3 Font Download For Mac Download

Details
Category: Myanmar Unicode
Last Updated on Friday, 02 September 2016 07:32

Myanmar 3 Font Download For Pc Windows 10

၁. ဖောင့်ထည့်နည်း
၂. ပါပြီးသား ဖောင့်ကို ပိတ်/ဖွင့် နည်း
၃. Keymagic လက်ကွက် ထည့်နည်း
ဖောင့်ရွေးချယ်ခြင်း။။ မက်ကွန်ပျူတာ အတွက် လိုအပ်သော ဖောင့်ကို ဒေါင်းလုဒ်ရယူပါမည်။ Pydaungsu နှင့် ZawDecode ဖောင့် ၂ မျိုး ကို နမူနာ အဖြစ် ထည့်သွင်း ပါမည်။ ( ZawDecode က Windows နည်းပညာ OpenType သီးသန့် ထုတ်လုပ်ထားသဖြင့် Microsoft Office 2016 တွင်အသုံးပြုရာတွင် အဆင်ပြေသော ကြောင့် ထည့်သွင်းထားသင့်ပါသည်။ Pyidaungsu-1.3 ဖောင့်ကတော့ Apple နည်းပညာ AAT ထည့်သွင်းထား သောကြောင့် Apple ထုတ်ကုန်များတွင် အဆင်ပြေသော်လည်း Microsoft Office 2016 တွင်အဆင်မပြေတာကို တွေ့ရပါတယ်။ )
မှတ်ချက်− စမ်းသပ်မှုများအရ Mac ကွန်ပျူတာ Microsoft Office 2016 တွင် ZawDecode နှင့် MyMyanmar ဖောင့် ၂ မျိုးသာ အဆင်ပြေကြောင်း သိရပါတယ်။
ဖောင့်ဒေါင်းလုဒ်ယူခြင်း။လိုအပ်သော ဖောင့်များကို www.myanmarlanguage.org , www.mcfmyanmar.org တို့တွင် ရယူနိုင်ပါသည်။
ဖောင့်ထည့်သွင်းခြင်း။
၁) ဒေါင်းလုပ်ရယူပြီးသော ဖောင့်များကို ထည့်သွင်းရန် command + space နှိပ်ပါ။
၂) font book ဟုရိုက်၍ enter နှိပ်ပါ
၃) Font Book ပေါ်လာပါက [+] (သို့မဟုတ်) File > Add Fonts ကိုနှိပ်ပါ။ ထိုမှတဆင့် ဒေါင်းလုဒ်ရထားသော Pyidaungsu, ZawDecode များကိုရွေးပြီး Open နှိပ်ပါက ဖောင့်ထည့်သွင်းခြင်း ပြီးပြီဖြစ်ပါတယ်။
ဖောင့် ပိတ်ခြင်း
Mac ကွန်ပျူတာ တွင်ပါလာပြီးသား ဖောင့်စတိုင်ကို မနှစ်သက်လို့, အသုံးမပြုချင်လို့ ဖြစ်ဖြစ် ပိတ်ထားနိုင်ပါတယ်။
၁) Font Book ကိုဖွင့်ပါ
၂) Font Book ပေါ်လာပါက [အမှန်ချက်] ဖြုတ်ပါ (သို့မဟုတ်) Edit > Disable “ဖောင့်အမည်” Family ကိုနှိပ်ပါက အဲဒီဖောင့် ပိတ်ထားခြင်းဖြစ်ပါသည်။
ဖောင့် ပြန်ဖွင့်ခြင်း
၁) Font Book ကိုဖွင့်ပါ
၂) [အမှန်ချက်] ပြန်တပ် (သို့မဟုတ်) Edit > Enable “ဖောင့်အမည်” Family လုပ်ပါက ဖောင့်ပွင့်ပါသည်။
Keymagic လက်ကွက် ထည့်ခြင်း
၁) www.keymagic.net/downloads တွင် Mac ဗားရှင်းကို ဒေါင်းလုဒ်ရယူပါ။
၂) ရယူပြီးဖိုင်ကို Rright Click နှိပ်ပြီး Open လုပ်ပါ။ ညွှန်ကြားချက်အတိုင်း ဆက်လက်လုပ်ဆောင်ပါ။ ပြီးဆုံးပါက အချိန်နာရီ ဘေးရှိ လက်ကွက်တွင်ရှိမရှိစစ်ဆေးကြည့်ရှုပါ။ မတွေ့ရှိပါက အောက်ပါအတိုင်း ဆက်လက်လုပ်ဆောင် ပေးဖို့လိုပါသည်။
၁)ဘယ်ဖက် အပေါ်ထောင့်မှ Apple ပုံ > System Preferences > Language & Region > Keyboard Preferences… ကိုနှိပ်ပါ။
၂) [+] အပေါင်း လက္ခဏာ ကိုနှိပ်ပါ။ ညာဖက် စာရင်းတွင် Others, English တို့ကိုနှိပ်ကြည့်ပါက Keymagic ကိုတွေ့ရှိနိုင်ပါသည်။ Select ရွေးပြီး Add နှိပ်ပေးပါက လက်ကွက် ထွက်ပေါ်လာပြီး အသုံးပြုရန် အသင့်ဖြစ်ပြီ ဖြစ်ပါတယ်။
၃) Keymagic လက်ကွက်ကို ရွေးပြီးမှ မိမိ အသုံးပြုရအဆင်ပြေသော လက်ကွက်များကို ရွေးချယ်အသုံးပြုနိုင်ပါသည်။ ( Keymagic တွင် လူကြိုက်များသော ဝင်းလက်ကွက်, ဇော်ဂျီလက်ကွက်, မြန်စံ လက်ကွက် တို့ ပါဝင်သဖြင့် မိမိကြိုက်နှစ်သက်ရာ ရွေးသုံးနိုင်ပါသည်။ ဇော်ဂျီလက်ကွက် ဆိုရာတွင် ဇော်ဂျီအတိုင်း ယူနီကုဒ်ကို သုံးစွဲခြင်းကို ဆိုလိုပါသည်)
နောက်ဆက်တွဲ လက်ကွက် ထည့်ခြင်း
Keymagic မိမိ အသုံးပြုလိုသော လက်ကွက်များ မပါရှိပါက ဥပမာ− Myanmar3 လက်ကွက် တိုင်းရင်းသားဘာသာ လက်ကွက်များ ထပ်ထည့်လိုပါ ထပ်ထည့်နိုင်ပါသေးတယ်။ www.myanmarlanguage.org တွင်ရရှိနိုင်ပါသည်။ လက်ကွက်ဖိုင်အမည်ကို .km2 အဆုံးသတ်ဖြင့် ရှိပါသည်။ ဥပမာ− Myanmar3.km2
အဆိုပါ Myanmar3.km2 လက်ကွက်ကို Keymagic အတွင်း ထပ်ထည့်လိုသည် ဆိုပါက ဖိုင်ကို Desktop ပေါ်တွင် ထားပေးပါ။ ပြီးနောက်
၁) Terminal ကိုဖွင့်ပါ
၂) cd desktop
၃) cp Myanmar3.km2 ~/.keymagic
အထက်ပါအတိုင်း command ဖြင့် keymagic folder အတွင်း copy ကူးထည့်ပေးအားဖြင့် မိမိ အသုံးပြုလိုသော လက်ကွက်ကို ထည့်သွင်း အသုံးပြုနိုင်ပါသည်။
Shortcut
လက်ကွက်များကို shortcut ဖြင့် ရွေးချယ်သုံးစွဲနိုင်ပါသည်။ default အနေဖြင့် control + command နှိပ်ထားပြီး space ကို လိုအပ်သလို အကြိမ်အကြိမ် နှိပ်ပါက လက်ကွက် ပြောင်းပေးပါသည်။ စိတ်ကြိုက်ပြုပြင်လိုပါက Open Keyboard Preferecnes.. ကိုဖွင့်ပြီး Shortcut နေရာတွင် ပြင်ဆင်နိုင်ပါသည်။